မလေးရှား၊ ဇွန် ၂၁
မလေးရှားနိုင်ငံ၊ အီပိုးမြို့မှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့အမှတ်တရအတွက် ပြီးခဲ့သည့်ဇွန် ၁၈ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ ရွှေဝါရောင် အရှင်ထာဝရဖောင်ဒေးရှင်းက ” အားကစားဖြင့် တော်လှန် နွေဦးရဲ့ အောင်လံ” ရန်ပုံငွေရှာ ဘောလုံးပြိုင်ပွဲကို ကျင်းပပြီးစီးခဲ့ပြီဖြစ်သည်။
အဆိုပါ ပြိုင်ပွဲကို ပြီးခဲ့သည့်ဇွန် ၁၈ ရက်နေ့က အသင်း ၁၄သင်းက ယှဉ်ပြိုင်ခဲ့ပြီး ပထမဆု မလေးရှားရင်းဂစ် သုံးထောင်၊ ဒုတိယဆု မလေးရှားရင်းဂစ် ၂၀၀၀ နှင့် တတိယဆု မလေးရှားရင်းဂစ် ၁၀၀၀ ဆီ ချီးမြှင်ခဲ့ကြသည်။
အပြည်ပြည်ဆိုင်ရာရွှေဝါရောင်အရှင်ထာဝရ ဖောင်ဒေးရှင်မှ ဦးဆောင်သည့်လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲ နှင့် နွေဦးတော်လှန်ရေးတွက် ရန်ပုံငွေရှာ ဘောလုံးပြိုင်ပွဲတွင် အားကစားစိတ်ဓာတ်အပြည့်ဖြင့် ပါဝင်ကစားခဲ့ကြသည့် အားကစားသမားများ နှင့် တက်ရောက်အားပေးကြည့်ရှုပေးကြသည့် တစ်ယောက်ချင်းစီကို ကျေးဇူးတင်ရှိသည့်အပြင် လိုအပ်ချက်များ ရှိခဲ့ပါက တောင်းပန်ပါကြောင်း ပြောဆိုခဲ့ပါသည်။
အပြည်ပြည်ဆိုင်ရာရွှေ၀ါရောင်ဖောင်းဒေးရှင်းအနေဖြင့် နွေဦးတော်လှန်ရေးတွင်သာမကဘဲ မလေးရှားရောက်မြန်မာများ၏ကျန်းမာရေးကိစ္စများကိုပါ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။



Post List #3
ရေစကြိုမြို့ မှ ဆူးလေကုန်းကျေးရွာကို ဝင်ရောက်လာသည့် အာဏာသိမ်း စစ်တပ်ကို တိုက်ခိုက်ခဲ့ကြောင်း MDDST တပ်ဖွဲ့ ပြောဆို
စစ်ကိုင်း၊ အောက်တိုဘာလ ၃၀ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းကို ဝင်ရောက်လာသည့် အာဏာသိမ်းစစ်တပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့မှုများ လုပ်ဆောင်ခဲ့ကြောင်း Myingyan District Drone Strike Team က ပြောဆိုထားပါသည်။ အာဏာသိမ်းစစ်တပ်က ရေစကြိုမြို့မှ မြောင်မြို့နယ်ကို ပြီးခဲ့သည့်အောက်တိုဘာလ ၂၆ ရက်မှ အောက်တိုဘာလ ၂၈ရက်နေ့အထိ စစ်ကြောင်း ထိုးလာတာကြောင့် ပြည်သူ့ကာကွယ်ရေးရဲဘော်များက ဆူးလေကုန်းကျေးရွာအနီးတွင် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့တာ ဖြစ်သည်။ အဆိုပါစစ်ဆင်ရေးကို Myingyan District Drone Strike နှင့်အတူ Shar Htoo…
ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက စစ်တပ်ထုတ်ကုန်မသုံးစွဲရေးသပိတ် ပြုလုပ်
စစ်ကိုင်း၊ အောက်တိုဘာလ ၃၀ စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်ကမ်းဘေးကျးရွာများသပိတ်ကော်မတီက စစ်တပ်ထုတ်ကုန်မသုံးစွဲရေးသပိတ်ကို ယမန့်နေ့တွင် ပြုလုပ်ခဲ့ကြသည်။
မြိုင်တော်လှန်ပြည်သူများက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြ
မကွေး၊ အောက်တိုဘာလ ၂၉ မကွေးတိုင်း၊ မြိုင်တော်လှန်ပြည်သူများက ယနေ့တွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ယနေ့တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။
Black Warrior’s Force က တော်လှန်သီတင်းကျွတ်ကို ပါဝင်ဆင်နွှဲ
မွန်၊ အောက်တိုဘာလ ၂၉ မွန်ပြည်နယ်၊ Black Warrior’s Force တပ်ဖွဲ့က တော်လှန်သီတင်းကျွတ်ကို ပါဝင်ဆင်နွှဲနေရင်း စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းရေးသပိတ်ကို ပါဝင်ဆင်နွှဲခဲ့ကြသည်။
လောင်းလုံမြို့နယ်ရှိကျေးရွာတစ်ရွာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်
တနင်္သာရီ၊ အောက်တိုဘာလ ၂၉ တနင်္သာီရတိုင်း၊ လောင်းလုံမြိုနယ်ထဲရှိ ကျေးရွာတစ်ရွာမှာ ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီက ပြည်သူများနှင့် ပူေးပါင်းပြီး စစ်အာဏာရှင်ဆန်ကျင်ရေး သပိတ်မှောက်လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုကို ‘တော်လှန်အလင်းဆောင် ရက်တစ်ထောင်၊ ဖေးမကူညီ ပြည်သူ့အောင်ပွဲဆီ’ဆိုတဲ့ ဘန်နဲ့ လှုပ်ရှားခဲ့ကြတာဖြစ်တယ်။