အညာပစ်တိုင်းထောင်လေးများအဖွဲ့က အမေစုမွေးနေ့အထိမ်းအမှတ်အဖြစ် စစ်ဘေးရှောင်ပြည်သူများအား ထမင်းတစ်နပ် ကျွေးမွေး
စစ်ကိုင်း၊ ဇွန် ၁၉
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ အညာပစ်တိုင်းထောင်လေးများအဖွဲ့က လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက် ယနေ့တွင် စစ်ဘေးရှောင်ပြည်သူများအား ထမင်းတစ်နပ်ကျွေးမွေးခဲ့ကြသည်။
“ဆားလင်းကြီးမြို့နယ်မှာ လက်ရှိအချိန်ထိစစ်ဘေးရှောင်၃၀၀၀ ကျော်စားဝတ်နေရေးအခက်ခဲဖြစ်နေပါ။ ယခုလိုအမေ့မွေးနေ့မှာ ပြည်သူတွေကိုတတ်နိုင်သလောက်ကူညီအားဖြည့်ပေးခဲ့ပါတယ်။ပြည်သူတွေရော အမေစုပါ လွတ်မြောက်စေချင်ပါပီ” ဟုအညာပစ်တိုင်းထောင်လေးများအဖွဲ့ ဦးဆောင်သူကပြောဆိုပါသည်။


