ယင်းမာပင် – ဆားလင်းကြီးရွာပေါင်းစုံသပိတ်က “ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ” ခေါင်းစဉ်ဖြင့် အမေစုမွေးနေ့တွင် ချီတက်
စစ်ကိုင်း၊ ဇွန် ၁၉
စစ်ကိုင်းတိုင်း ယင်းမာပင် ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းဟာ ၈၂၀ရက်မြောက်နေ့အဖြစ် ဒေသတွင်း သပိတ်စစ်ကြောင်းများနှင့် ပူးပေါင်းကာ “ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ၊တော်လှန်ပန်းတွေလွင့်ပျံ အမျိုးသမီးထုအားမာန်”စတဲ့ စသားများကိုင်စွဲကာ စစ်အာဏာရှင်ဆန့်ကျင်ရေး တပ်ပေါင်းစုသပိတ်ကို ချီတက်ခဲ့ကြပါတယ်။
တော်လှန်ရဲဘော်များမှလည်း တော်လှန်ဖျော်ဖြေမှုများ ပြုလုပ်ခဲ့ကြပါတယ်။





































