စစ်ကောင်စီရဲ့ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ့နေအိမ်တစ်ချို့ပျက်စီး
စစ်ကိုင်း၊ ဇွန် ၁၈
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာ နှင့် ဝမ်ပေါင်ကုမ္မဏီမှ တပ်စွဲထား သည့်စစ်ကောင်စီစစ်သားတွေ၏ ရမ်းသန်းပစ်ခတ်မှုကြောင့် နေအိမ်တွေ ပျက်စီးခဲ့ကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲံက သတင်းထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ညောင်ပင်ကြီးရဲစခန်းကို တိုက်ခိုက်သိမ်း ပိုက်ပြီးနောက် စစ်ကောင်စီစစ်တပ်ဖွဲ့ဝင်တွေက ပြည်သူနေအိမ်များကို နေ့စဉ် မီးရှို့ဖျက်ဆီးနေပြီး ၎င်းတို့ရမ်းသန်းပစ်ခတ်မှုကြောင့် နေအိမ်တစ်ချို့လည်း ပျက်စီးခဲ့ရကြောင်း သိရသည်။
“စစ်သားတွေအနေနဲ့ သူတို့နေရာ ရွေ့တော့မယ်ဆိုရင် ထုတော့တာပဲ။ အမိုးပွင့်တဲ့အိမ်က ပွင့် တံခါးမှန် တဲ့အိမ်က မှန်နဲ့။ အရင်ကထက် ခုညောင်ပင်ကြီးရဲစခန်းသိမ်းခံရတော့ အခြေနေက ပိုဆိုးသွားတာဗျ။ ပြည်သူတွေ ဒဏ်ရာရတာတော့မရှိဘူးဗျ။ သူတို့ မထင်ရင် မထင်သလို ရမ်းထုနေကြတာ” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုပါတယ်။
လက်ရှိအချိန်တွင် စညောင်ပင်ကြီးရဲစခန်း နှင့် ဝမ်ပေါင်အတွင်း တပ်စွဲထားသော စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက လက်နက်ကြီး/လက်နက်ငယ်များဖြင့် ပြည်သူနေအိမ်များကို ရမ်းသန်းပစ်ခတ်လျက် ရှိသည်။






