ဆားလင်းကြီးမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူတွေ စားဝတ်နေရေးအခက်အခဲ ကြုံနေရပြီလို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့က ပြောဆို

စစ်ကိုင်း၊ ဇွန် ၁၇

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရဲစခန်းကို ပြည်သူ့ကာကွယ်ရေးရဲဘော်များက တိုက်ခိုက်ပြီးနောက် စစ်ကောင်စီစစ်တပ်က ကျေးရွာများကို ရက်ရှည်မီးရှို့ဖျက်ဆီးနေတာကြောင့် ပြည်သူများ စားဝတ်နေရေး ဒုက္ခရောက်နေကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အညာပစ်တိုင်းထောင်လေးများအဖွဲ့က “ယာယီစစ်ရှောင်စခန်း ၄ နေရာတော့ ရှိတယ်။ တစ်ချို့ပြည်သူတွေက လယ်ကွင်းပြင်ထဲ အမိုးမလုံအကာမလုံနဲ့ စစ်ရှောင်နေရတယ်ဗျ။စစ်ရှောင်တွေအနေနဲ့ဒီနေနဲ့ဆို၉ရက်ရှိပီဗျ။ရက်ကြာလာတော့ စားဝတ်နေရေးအခက်ခဲဖြစ်တာပေါ့ဗျာ။” ဟု ပြောဆိုပါသည်။

ပြီးခဲ့သည့်ဇွန်လ ၉ ရက်နေ့က စတင်ပြီး စစ်ကောင်စီစစ်တပ်က ညောင်ပင်ကြီးရဲစခန်းကို တပ်စွဲထားပြီး စခန်းကို အခိုင်အမာပြန်လည်တည်ဆောက်နေသည့်အပြင် ဒေသခံများ၏နေအိမ်များကို မီးရှို့ကာ တပ်ပိုင်နယ်မြေများ ပြုလုပ်မည်ဟု ကောလဟလသတင်းများ ထွက်ပေါ်နေကြောင်း သိရသည်။

ယနေ့မနက်ပိုင်းက စတင်ပြီး စစ်ကောင်စီစ်စတပ်က ညောင်ပင်ကြီးစက်လှေဆိပ်တဲများကို မီးရှို့ဖျက်ဆီးနေကြသည်။

လက်ရှိအချိန်တွင် စစ်ရှောင်ပြည်သူများက ထောင်နှင့် ချီ စစ်ဘေးတိမ်းရှောင်နေရပြီး တော်လှန်ရေးအင်အားစုများက စားနပ်ရိက္ခာများ နှင့် နေရာထိုင်ခင်းများကို ပေးထားပေမဲ့ အကူအညီများ ကြီးမားစွာ လိုအပ်နေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *