ပြည်သူ့ကာကွယ်ရေးကင်းစခန်း တိုက်ခိုက်ခံရပြီး ရဲဘော်တစ်ဦး ကျဆုံးကာ နှစ်ဦး ထိခိုက်ဒဏ်ရာရ
စစ်ကိုင်း၊ ဇွန် ၁၅
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးးရဲစခန်း တိုက်ခိုက်ခံရမှုအပြီးတွင် ဒေသခံကာကွယ်ရေးကင်းစခန်းတစ်ခု ပြန်လည်တိုက်ခိုက်ခံရတာကြောင့် ကာကွယ်ရေးရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း မြေပြင်ရဲဘော်တစ်ဦးက Red Peacock သတင်းမီဒီယာကို ပြောဆိုခဲ့သည်။
” ကိုစံဖိုးက လက်မောင်းကျည်ထိတယ်၊ ကိုအောင်မင်းစိုးကတော့ တင်ပါး ကျည်ထိလာတာ၊ ကိုဇာနည်အောင်ကတော့ ဦးခေါင်း ကျည်ထိပြီး ကျဆုံးသွားတယ် သိမ်တော် နှင်းတော ထန်းတောကြီးက ပြည်သူရှစ်ဦးကို ဖမ်းထားတယ် သုံးထောင်ကျော်ရှိတယ်၊ တစ်ချို့က မုံရွာ၊ တစ်ချို့က စစ်ရှောင်စုရပ် သုံးနေရာလောက် ရှိတယ်၊ “
အဆိုပါညောင်ပင်ကြီးရဲစခန်းတိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီဘက်က ညောင်ပင်ကြီး၊ ထန်းတောစသည့်ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသည့်အပြင် ထန်းတောရွာ၊ သိမ်တော်ရွာ နှင့် နှင်းတောကျေးရွာရှိ ပြည်သူရှစ်ဦးကို ဖမ်းဆီးထားကြောာင်း သိရသည်။
လက်ရှိအချိန်တွင် စစ်ရှောင်ပြည်သူများတွက် အနီးနားဝန်းကျင်ရှိ ပြည်သူများက စောင့်ရှောက်ထားပြီး တစ်နေ့လျှင် ဆန် ၁၅ အိတ် ဝန်းကျင် ကုန်ကျနေပြီ အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ လူသားစာနာ၊ မုံရွာတက္ကသိုလ်ေကျောင်းသားများသမဂ္ဂ နှင့် အညာပစ်တိုင်းထောင်လေးများစသည့် အလှုရှင်များနှင့်အဖွဲံအစည်းများက လာရောက်လှူဒါန်းလျက်ရှိသည်။

Post List #3
ရေစကြိုမြို့ မှ ဆူးလေကုန်းကျေးရွာကို ဝင်ရောက်လာသည့် အာဏာသိမ်း စစ်တပ်ကို တိုက်ခိုက်ခဲ့ကြောင်း MDDST တပ်ဖွဲ့ ပြောဆို
စစ်ကိုင်း၊ အောက်တိုဘာလ ၃၀ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းကို ဝင်ရောက်လာသည့် အာဏာသိမ်းစစ်တပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့မှုများ လုပ်ဆောင်ခဲ့ကြောင်း Myingyan District Drone Strike Team က ပြောဆိုထားပါသည်။ အာဏာသိမ်းစစ်တပ်က ရေစကြိုမြို့မှ မြောင်မြို့နယ်ကို ပြီးခဲ့သည့်အောက်တိုဘာလ ၂၆ ရက်မှ အောက်တိုဘာလ ၂၈ရက်နေ့အထိ စစ်ကြောင်း ထိုးလာတာကြောင့် ပြည်သူ့ကာကွယ်ရေးရဲဘော်များက ဆူးလေကုန်းကျေးရွာအနီးတွင် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့တာ ဖြစ်သည်။ အဆိုပါစစ်ဆင်ရေးကို Myingyan District Drone Strike နှင့်အတူ Shar Htoo…
ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက စစ်တပ်ထုတ်ကုန်မသုံးစွဲရေးသပိတ် ပြုလုပ်
စစ်ကိုင်း၊ အောက်တိုဘာလ ၃၀ စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်ကမ်းဘေးကျးရွာများသပိတ်ကော်မတီက စစ်တပ်ထုတ်ကုန်မသုံးစွဲရေးသပိတ်ကို ယမန့်နေ့တွင် ပြုလုပ်ခဲ့ကြသည်။
မြိုင်တော်လှန်ပြည်သူများက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြ
မကွေး၊ အောက်တိုဘာလ ၂၉ မကွေးတိုင်း၊ မြိုင်တော်လှန်ပြည်သူများက ယနေ့တွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ယနေ့တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။
Black Warrior’s Force က တော်လှန်သီတင်းကျွတ်ကို ပါဝင်ဆင်နွှဲ
မွန်၊ အောက်တိုဘာလ ၂၉ မွန်ပြည်နယ်၊ Black Warrior’s Force တပ်ဖွဲ့က တော်လှန်သီတင်းကျွတ်ကို ပါဝင်ဆင်နွှဲနေရင်း စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းရေးသပိတ်ကို ပါဝင်ဆင်နွှဲခဲ့ကြသည်။
လောင်းလုံမြို့နယ်ရှိကျေးရွာတစ်ရွာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်
တနင်္သာရီ၊ အောက်တိုဘာလ ၂၉ တနင်္သာီရတိုင်း၊ လောင်းလုံမြိုနယ်ထဲရှိ ကျေးရွာတစ်ရွာမှာ ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီက ပြည်သူများနှင့် ပူေးပါင်းပြီး စစ်အာဏာရှင်ဆန်ကျင်ရေး သပိတ်မှောက်လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုကို ‘တော်လှန်အလင်းဆောင် ရက်တစ်ထောင်၊ ဖေးမကူညီ ပြည်သူ့အောင်ပွဲဆီ’ဆိုတဲ့ ဘန်နဲ့ လှုပ်ရှားခဲ့ကြတာဖြစ်တယ်။