စစ်ကောင်စီစစ်ကြောင်းထိုးမှုကြောင့် ကျေးရွာ ၁၃ ရှိပြည်သူများ တိမ်းရှောင်နေရ
စစ်ကိုင်း၊ ဇွန် ၁၅
စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ပင့်သာတိုက်နယ်ရှိ ရှမ်းကုန်းကျေးရွာကို မြန်မာစစ်တပ်က ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ကျေးရွာပေါင်း ၁၃ ရွာမှ ပြည်သူများ တိမ်းရှောင်နေရကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က သတင်းထုတ်ပြန်ထားပါတယ်။
ယမန့်နေ့ မနက်ခုနစ်နာရီခွဲက မြန်မာ့စစ်တပ်လက်အောက်ခံ ခမရ ၃၆၁ စစ်ကြောင်းက ဇင်းရွာ မှ ထွက်လာပြီး ရှမ်းကုန်းကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့ကာ ပြည်သူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
မြန်မာစစ်တပ်က ရှမ်းကုန်းရွာကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၁ရက်နေ့တွင် ပြည်သူနေအိမ်ငါးလုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး အခုတစ်ကြိမ်တွင် ပြည်သူနေအိမ်လေးလုံး နှင့် စပါးတိုက်တစ်လုံး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။
လက်ရှိအချိန်တွင် မြန်မာစစ်တပ်၏စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုကြောင့် ကျွန်းလှမြိုနယ်ရှိ ကြာတကန်၊ထန်းပင်ကုန်းရွာနှင့် ကန့်ဘလူမြိုနယ်အတွင်းရှိ ရှမ်းကုန်း၊ပင့်သာ၊ချောင်းကြား၊ဖလားရ၊အင်းမ၊နဂါးပေါ်၊အုတ်ခင်း၊ဟင်းဖြူတော၊ပင်းတဲ၊အင်ကြင်းစုနှင့် အင်ကြင်းမြိုင်ရွာ ၁၃ ရွာမှ အပြစ်မဲ့ပြည်သူထောင်နှင့်ချီပြီး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။



Post List #3
ရေစကြိုမြို့ မှ ဆူးလေကုန်းကျေးရွာကို ဝင်ရောက်လာသည့် အာဏာသိမ်း စစ်တပ်ကို တိုက်ခိုက်ခဲ့ကြောင်း MDDST တပ်ဖွဲ့ ပြောဆို
စစ်ကိုင်း၊ အောက်တိုဘာလ ၃၀ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းကို ဝင်ရောက်လာသည့် အာဏာသိမ်းစစ်တပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့မှုများ လုပ်ဆောင်ခဲ့ကြောင်း Myingyan District Drone Strike Team က ပြောဆိုထားပါသည်။ အာဏာသိမ်းစစ်တပ်က ရေစကြိုမြို့မှ မြောင်မြို့နယ်ကို ပြီးခဲ့သည့်အောက်တိုဘာလ ၂၆ ရက်မှ အောက်တိုဘာလ ၂၈ရက်နေ့အထိ စစ်ကြောင်း ထိုးလာတာကြောင့် ပြည်သူ့ကာကွယ်ရေးရဲဘော်များက ဆူးလေကုန်းကျေးရွာအနီးတွင် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့တာ ဖြစ်သည်။ အဆိုပါစစ်ဆင်ရေးကို Myingyan District Drone Strike နှင့်အတူ Shar Htoo…
ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက စစ်တပ်ထုတ်ကုန်မသုံးစွဲရေးသပိတ် ပြုလုပ်
စစ်ကိုင်း၊ အောက်တိုဘာလ ၃၀ စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်ကမ်းဘေးကျးရွာများသပိတ်ကော်မတီက စစ်တပ်ထုတ်ကုန်မသုံးစွဲရေးသပိတ်ကို ယမန့်နေ့တွင် ပြုလုပ်ခဲ့ကြသည်။
မြိုင်တော်လှန်ပြည်သူများက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြ
မကွေး၊ အောက်တိုဘာလ ၂၉ မကွေးတိုင်း၊ မြိုင်တော်လှန်ပြည်သူများက ယနေ့တွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ယနေ့တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။
Black Warrior’s Force က တော်လှန်သီတင်းကျွတ်ကို ပါဝင်ဆင်နွှဲ
မွန်၊ အောက်တိုဘာလ ၂၉ မွန်ပြည်နယ်၊ Black Warrior’s Force တပ်ဖွဲ့က တော်လှန်သီတင်းကျွတ်ကို ပါဝင်ဆင်နွှဲနေရင်း စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းရေးသပိတ်ကို ပါဝင်ဆင်နွှဲခဲ့ကြသည်။
လောင်းလုံမြို့နယ်ရှိကျေးရွာတစ်ရွာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်
တနင်္သာရီ၊ အောက်တိုဘာလ ၂၉ တနင်္သာီရတိုင်း၊ လောင်းလုံမြိုနယ်ထဲရှိ ကျေးရွာတစ်ရွာမှာ ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီက ပြည်သူများနှင့် ပူေးပါင်းပြီး စစ်အာဏာရှင်ဆန်ကျင်ရေး သပိတ်မှောက်လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုကို ‘တော်လှန်အလင်းဆောင် ရက်တစ်ထောင်၊ ဖေးမကူညီ ပြည်သူ့အောင်ပွဲဆီ’ဆိုတဲ့ ဘန်နဲ့ လှုပ်ရှားခဲ့ကြတာဖြစ်တယ်။