မြန်မာ့စစ်တပ်လက်အောက်ခံပျူစောထီးတပ်ဖွဲ့ဝင်ငါးဆယ်ကျော်က ကျောက်အိုင်ကျေးရွာရှိ ပြည်သူနေအိမ်ငါးလုံးကို ဝင်ရောက်ဖျက်ဆီးသွား
စစ်ကိုင်း၊ ဇွန် ၁၄
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ကျောက်အိုင်ကျေးရွာရှိ ပြည်သူနေအိမ်ငါးလုံးကို မြန်မာ့စစ်တပ်လက်အောက်ခံပျူစောထီးခေါင်းဆောင်ပွကြီးတပ်ဖွဲ့က ဝင်ရောက်ဖျက်ဆီးခဲ့ကြောင်း ကျွန်းလှ ကန့်ဘလူ တတ်ကြွလှုပ်ရှားသူများအဖွဲ -ကန့်ဘလူခရိုင်တာဝန်ရှိသူတစ်ဦးက ပြောဆိုခဲ့သည်။
ကျွန်းလှ ကန့်ဘလူ တတ်ကြွလှုပ်ရှားသူများအဖွဲ -ကန့်ဘလူခရိုင်တာဝန်ရှိသူတစ်ဦးက ” “ပထမအိမ်နှစ်လုံးက ပြတင်းပေါက်တွေ ရိုက်ခွဲတယ် ၊ အိမ်အတွင်းမှာရှိတဲ့ တီဗွီတွေ၊ ဗီရိုတွေနဲ့ တခြားပစ္စည်းတွေကို ဖျက်ဆီးတယ်။ သူတိုလိုချင်တဲ့ပစ္စည်းဆို ဖိနပ်ကောင်းတာကအစ ကလေးစားစရာအဆုံး အကုန်ယူသွားတယ်” လိုဒေသခံတွေနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တွေမှ တဆင့်သိရပါသည်။ ဒါ့အပြင် ကျောက်အိုင်ရွာအတွင်းရှိနေအိမ်(၅)လုံးမှအသုံးအဆောင်ပစ္စည်းတွေကိုလည်း ဖျက်ဆီးထားခဲ့ကြပြီး ပျူခေါင်းဆောင်ပွကြီးနဲ့အဖွဲဟာ နေ့လည် ၁၂နာရီဝန်းကျင်မှာ ကျောက်အိုင်ရွာမှ ကျွန်းလှမြိုဖက်ကိုပြန်လည်ထွက်ခွါသွား” လို့ ပြောဆိုခဲ့သည်။
အဆိုပါမြန်မာ့စစ်တပ်လက်အောက်ခံပျူစောထီးခေါင်းဆောင်ပွကြီးတပ်ဖွဲ့က ယမန့်နေ့ မနက်ခြောက်နာရီတွင် ကျောက်အိုင်ကျေးရွာကို ဝင်ရောက်လာတာ ဖြစ်ပြီး ပြည်သူပိုင်နေအိမ်ငါးလုံးကို ဖျက်ဆီးသည့်အပြင် နေအိမ်များရှိသည့်ပစ္စည်းတွေကိုလည်း ယူဆောင်သွားခဲ့ကြောင်း သိရသည်။
ကျွန်းလှ ကန့်ဘလူ တတ်ကြွလှုပ်ရှားသူများအဖွဲ -ကန့်ဘလူခရိုင်တာဝန်ရှိသူတစ်ဦးက မြန်မာ့စစ်တပ်လက်အောက်ခံပျူစောထီးခေါင်းဆောင်ပွကြီးတပ်ဖွဲ့နှင့်ပတ်သက်ပြီး အခုလို ထပ်မံပြောဆိုခဲ့သည်။
” မြို့ပေါ်က လောင်းကစားဝိုင်းတွေ၊ ktvတွေ၊ အနှိပ်ခန်းတွေမှာ ဆပ်ကြေးကောက်တာတွေ လုပ်ကြတယ်။မြို့ပေါ်လူထုကို မထင်ရင်မထင်သလို ဖမ်းစီးနှိပ်စက်တာတွေရှိပါတယ်၊ ဖျက်စီးခံရတဲ့အိမ်ပိုင်ရှင်တွေတော့ ဘာမှမဖြစ်ကြပါဘူးဗျ”
လက်ရှိအချိန်တွင် မြန်မာ့စစ်တပ်လက်အောက်ခံစောထီးခေါင်းဆောင်ပွကြီးတပ်ဖွဲ့က ကျွန်းလှမြို့ပေါ်ရှိလောင်းကစားဝိုင်း၊ KTV နှင့် အနှိပ်ခန်းများတွင် ဆက်ကြေးကောက်ပြီး မြန်မာစစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပြီး ပြည်သူလူထုကို ဖမ်းဆီးနှိပ်စက်နေသည့်တပ်ဖွဲ့ ဖြစ်ကြောင်း ဒေသခံများက ပြောဆိုနေကြသည်။








Post List #3
ရေစကြိုမြို့ မှ ဆူးလေကုန်းကျေးရွာကို ဝင်ရောက်လာသည့် အာဏာသိမ်း စစ်တပ်ကို တိုက်ခိုက်ခဲ့ကြောင်း MDDST တပ်ဖွဲ့ ပြောဆို
စစ်ကိုင်း၊ အောက်တိုဘာလ ၃၀ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းကို ဝင်ရောက်လာသည့် အာဏာသိမ်းစစ်တပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့မှုများ လုပ်ဆောင်ခဲ့ကြောင်း Myingyan District Drone Strike Team က ပြောဆိုထားပါသည်။ အာဏာသိမ်းစစ်တပ်က ရေစကြိုမြို့မှ မြောင်မြို့နယ်ကို ပြီးခဲ့သည့်အောက်တိုဘာလ ၂၆ ရက်မှ အောက်တိုဘာလ ၂၈ရက်နေ့အထိ စစ်ကြောင်း ထိုးလာတာကြောင့် ပြည်သူ့ကာကွယ်ရေးရဲဘော်များက ဆူးလေကုန်းကျေးရွာအနီးတွင် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့တာ ဖြစ်သည်။ အဆိုပါစစ်ဆင်ရေးကို Myingyan District Drone Strike နှင့်အတူ Shar Htoo…
ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက စစ်တပ်ထုတ်ကုန်မသုံးစွဲရေးသပိတ် ပြုလုပ်
စစ်ကိုင်း၊ အောက်တိုဘာလ ၃၀ စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်ကမ်းဘေးကျးရွာများသပိတ်ကော်မတီက စစ်တပ်ထုတ်ကုန်မသုံးစွဲရေးသပိတ်ကို ယမန့်နေ့တွင် ပြုလုပ်ခဲ့ကြသည်။
မြိုင်တော်လှန်ပြည်သူများက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြ
မကွေး၊ အောက်တိုဘာလ ၂၉ မကွေးတိုင်း၊ မြိုင်တော်လှန်ပြည်သူများက ယနေ့တွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ယနေ့တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။
Black Warrior’s Force က တော်လှန်သီတင်းကျွတ်ကို ပါဝင်ဆင်နွှဲ
မွန်၊ အောက်တိုဘာလ ၂၉ မွန်ပြည်နယ်၊ Black Warrior’s Force တပ်ဖွဲ့က တော်လှန်သီတင်းကျွတ်ကို ပါဝင်ဆင်နွှဲနေရင်း စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းရေးသပိတ်ကို ပါဝင်ဆင်နွှဲခဲ့ကြသည်။
လောင်းလုံမြို့နယ်ရှိကျေးရွာတစ်ရွာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်
တနင်္သာရီ၊ အောက်တိုဘာလ ၂၉ တနင်္သာီရတိုင်း၊ လောင်းလုံမြိုနယ်ထဲရှိ ကျေးရွာတစ်ရွာမှာ ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီက ပြည်သူများနှင့် ပူေးပါင်းပြီး စစ်အာဏာရှင်ဆန်ကျင်ရေး သပိတ်မှောက်လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုကို ‘တော်လှန်အလင်းဆောင် ရက်တစ်ထောင်၊ ဖေးမကူညီ ပြည်သူ့အောင်ပွဲဆီ’ဆိုတဲ့ ဘန်နဲ့ လှုပ်ရှားခဲ့ကြတာဖြစ်တယ်။