၂၅ ကြိမ်မြောက်နာဂိုယာသင်္ကြန်ပွဲမှ ရရှိသည့်ကျပ်သိန်း ၆၅၀ အား ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကို ပေးအပ်

ဂျပန်၊ ဇွန် ၁၃

ဂျပန်နိုင်ငံ၊ ၂၅ ကြိမ်မြောက်နာဂိုယာသင်္ကြာန်ပွဲမှ ရရှိသည့်ကျပ် သိန်း (၆၅၀) ပေးအပ်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းထံ ပြီးခဲ့သည့်ဇွန်လ ၁၀ ရက်နေ့က ‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်၊ ပြည်ထောင်စုဝန်ကြီးဦးမန်းဝင်းခိုင်သန်း၊ လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစိုးရသူထွန်း၊ နိုင်ငံတကာရောက်အဖွဲ့အစည်းများ ပါဝင်သည့် Fundraiser များ နှင့် ရွှေဝါရောင်အရှင်ထာဝရဖောင်ဒေးရှင်းအဖွဲ့ဝင်များက တက်ရောက်ခဲ့ကြသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်၊ ပြည်ထောင်စုဝန်ကြီး ဦးမန်းဝင်းခိုင်သန်းက ” ပြည်သူကို ပြည်သူသာလျှင် အားကိုးပြီး သွားနေရတာပါ။ အခုလို ဂျပန်နိုင်ငံ၊ နာဂိုယာမြို့ သင်္ကြန်ဖြစ်မြောက်ရေးကော်မတီ မှ နှစ်ရှည်လများ စိတ်ဓာတ်မကျဘဲနဲ့ အလှူငွေများ ကောက်ခံပေးလို့ အထူးပင် ကျေးဇူး တင်ကြောင်း၊ ကရင်ပြည်နယ်မှာ မထင်မှတ်ဘဲနဲ့ တိုက်ပွဲများဖြစ်ပွားပြီး လိုအပ်ချက်တွေ များလာကြောင်း နှုတ်ခန်းနီများနဲ့ ငှက်ပျောဖူးလိုအရာများက တကယ်လိုအပ်တဲ့အရာများ ဖြစ်ကြောင်း၊ အခုလိုအချိန်မျိုးမှာ ဂျပန်နိုင်ငံ၊ နာဂိုယာမြို့ သင်္ကြန်ဖြစ်မြောက်ရေးကော်မတီ က လိုအပ်နေသော အလှူငွေများ ပေးလှူပေးလို့ အထူးပင် ကျေးဇူးတင်ကြောင်း ဒီငွေတွေကို အကျိုးရှိစွာ အသုံးပြုသွားမည်ဟု ကတိပေးပါကြောင်း” ပြောဆိုခဲ့သည်။

အလားတူ အမျိုးသားညီညွတ်ရေးအစိုးရ ချက်သမ္မတနိုင်ငံ ကိုယ်စားလှယ် ဦးလင်းသန့် ” နာဂိုယာ သင်္ကြန်ပွဲက ရရှိတဲ့ အလှူငွေအားလုံးကို အမျိုးသား ညီညွတ်ရေးအစိုးရ ပြည်ထောင်စု ဝန်ကြီးချုပ်ကြီးအားပေးအပ်လှူဒါန်းခြင်းဆိုတဲ့ အခမ်းအနားကို တက်ရောက်ကာ ဂုဏ်ပြု စကား ပြောခွင့် ရတဲ့အတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။ သင်္ကြန်ပွဲက ရလာတဲ့ အလှူငွေဆိုတော့ အဓိပ္ပါယ်ကောက်ရရင် သင်္ကြန်ပွဲဆိုတာ အဟောင်းတွေကို စွန့်ပစ်ပြီး အသစ်တွေနဲ့ တည်ဆောက်ခြင်းပွဲဖြစ်တော့ ဒီတော်လှန်ရေးရဲ့ အနှစ်သာရနဲ့တထပ်တည်း ကျနေတာဖြစ်လို့ ဒီအလှူငွေတွေက ကျနော်တို့ အသစ်တည်ဆောက်နေတဲ့ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်ကြီးအတွက် ထူးခြားတဲ့ အလှူလို့ ပြောလို့ရတယ်။ ” လို့ ပြောဆိုခဲ့သည်။

ရွှေဝါရောင်အရှင်ထာဝရက ” ဟုတ်တာကို ဟုတ်တဲ့အတိုင်း မဟုတ်တာကို မဟုတ်တဲ့အတိုင်း ပြောရဲ၊ ဆိုရဲရမည်လို့” မိန့်ကြားခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က မြန်မာနိုင်ငံအတွက် အမှောင်ဆုံး ကာလတခုကို ဖြတ်သန်းလာခဲ့ရတာ အခုဆို ၂ နှစ်ကျော်ကြာလာပြီဖြစ်ပါတယ်။

မြန်မာစစ်တပ်ဟာ ပြည်သူတွေနှလုံးသည်းပွတ်က မဲပေးရွေးချယ်ခဲ့တဲ့ အရပ်သား ပြည်သူ့အစိုးရဆီကနေ စစ်တပ်ကိုယ်တိုင် စိတ်ကြိုက်ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပင် စစ်ခေါင်းဆောင်တွေက ဥပဒေမဲ့ မတရား အဓမ္မအာဏာလုယူခြင်းပြုလုပ်ခဲ့တာ အားလုံး အသိပဲဖြစ်ပါတယ်။ ဒါကို နိုင်ငံသူ/ နိုင်ငံသားတွေက အငြိမ်းချမ်းဆုံး နည်းလမ်းတွေဖြစ်တဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ဆန္ဒပြပြီးစစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြတယ်၊ ဒီထက်ပိုပြီး ကမ္ဘာမှာ အထူးခြားဆုံး အငြိမ်းချမ်းဆုံး CDM လှုပ်ရှားမှုကြီးနဲ့ စစ်တပ်အုပ်ချုပ်မှု အဆုံးသပ်ရေးအတွက် ကြိုးစားခဲ့တယ်။

ဒါတွေကို စစ်တပ်ဟာ ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခြင်းတွေနဲ့ လူပေါင်း များစွာကို ရက်ရက်စက်စက် သတ်ဖြတ်၊ နှိပ်စက် အကြမ်းဖက်မှုတွေဆက်တိုက် ကျူးလွန်နေတာပါ။ နှစ်ပေါင်းများစွာ စစ်တပ်က နိုင်ငံကို လက်နက်အားကိုးနဲ့ အနိုင်ကျင့်အုပ်စိုးမှုတွေနဲ့ ကျူးလွန်ခဲ့တဲ့ကိစ္စတွေဟာ အခုထိ ကင်းလွတ်ခွင့် ရနေတာကို အဆုံးသတ်ကြမယ်ဆိုတဲ့ ပြည်သူတရပ်လုံးက စိတ်ဆုံးဖြတ်ပြီးလူငယ်မျိုးဆက်သစ်တွေက ဦးဆောင်ပြီး နိုင်ငံတော်သစ်တည်ဆောက်ကြမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ အခုလို တော်လှန်ရေး ခရီးကို ဆက်လာရာမှာ ဘဏ္ဍာငွေကြေးဟာ တော်လှန်ရေးရဲ့ အသက်သွေးကြောဖြစ်တဲ့ အခန်းကဏ္ဍမှာ ရှိတာပါ။

အခုထိ ကျနော်တို့ တော်လှန်ရေးဟာ ကျနော်တို့ လက်၊ ကျနော်တို့ အားနဲ့ ရုန်းကန်တော်လှန်နေကြတာပါ။ အလွန်တိုတောင်းတဲ့ ဒီတော်လှန်ရေး ၂ နှစ်ကျော်ခရီးကာလမှာ စိန်ခေါ်မှုတွေ ကြီးကြီးမားမား ရှိနေလင့်ကစား ကျနော်တို့ရဲ့ စစ်ရေးဆိုင်ရာ စုဖွဲ့တွေက အလွန်အားရစရာ ကောင်းလောက်အောင် အားကောင်းလာပါတယ်။

နယ်မြေစိုးမိုးမှုဟာလည်း ရာခိုင်နှုန်း ၆၀ ကျော်ရှိလာပြီးအမျိုးသား ညီညွတ်ရေးအစိုးရနဲ့ မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေက ထိမ်းချုပ်ထားရှိနေပါတယ်။ မြို့နယ်ပေါင်း ၂၅၀ ကျော်မှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကို ဖွဲ့စည်းတာဝန်ယူနေနိင်ပြီဖြစ်ပါတယ်။ ဒါကိုလည်း နိုင်ငံတကာက လက်ခံ အသိအမှတ်ပြုလာနေရပြီဖြစ်ပါတယ်။

နိုင်ငံတကာ သံတမန်အခင်းအကျင်းမှာလည်း အကြမ်းဖက်စစ်ကောင်စီအတွက်နေရာမရှိသလောက်ဖြစ်နေတာဟာ ပြည်တွင်း လှုပ်ရှားမှုတွေရဲ့အကျိုးရလာဒ်လည်းဖြစ်ပါတယ်။

ဒီကာလတလျှောက်ကျနော်တို့ဘက်က ပေးဆပ်မှုတွေ၊ စိန်ခေါ်မှုတွေရှိနေပေမယ့် ရန်ဘက် ပဋိပက္ခတွေကို အံတုဖြေရှင်းတိုက်ခိုက်မှုတွေမှာ အောင်ပွဲတွေ ဆက်တိုက် ရှိလာနေတာ အထင်အရှားပါ။

ကိုအောင်အေးဝင်းက ” ဒီတိုက်ပွဲဟာ ပြည်သူတစ်ရပ်လုံးရဲ့ အောင်ပွဲဖြစ်မယ်ဆိုတာကတော့ မုချမလွဲပါပဲ။ ပြည်သူတစ်ရပ်လုံးရဲ့ မဆုတ်မနစ်တဲ့ ဇွဲ၊ သတ္တိ၊ ခိုင်မာတဲ့ စိတ်ဓာတ်တွေနဲ့ ရင်ဆိုင်ပြီး ကျော်ဖြတ်နိုင်ပါမှ အောင်မြင်မှုဆီကို ရောက်မှာ ဖြစ်ပါတယ်။ ရောင်နီလာခါနီးအချိန်ဟာ အမှောင်ဆုံးအချိန်ဖြစ်ပါတယ်။ အောင်ပွဲနဲ့ အနီးဆုံး ကာလကလည်း အခက်အခဲဆုံးကာလဖြစ်ပါတယ်။ မိမိတို့တွေဟာ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့အတွက် မြဲမြံခိုင်မာတဲ့ စိတ်ဓာတ်တွေကို ကြိုတင်ပြီး ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်” လို့ ပြောဆိုခဲ့သည်။

အဆိုပါ အခမ်းအနားအား တက်ရောက်သည့် ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများက ကိုအောင်အေးဝင်း၊ ရွှေဝါရောင်အရှင်ထာဝရ (နော်ဝေ) ၊ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် ဦးမန်ဝင်းခိုင်သန်း၊ အမျိုးသားညီညွတ်ရေးအစိုးရ ချက်သမ္မတနိုင်ငံ ကိုယ်စားလှယ် ဦးလင်းသန့်၊ ကိုနောင်ရိုး၊ ရုပ်ရှင်သရုပ်ဆောင် မင်းမော်ကွန်း၊ ဒါရိုက်တာ သည်ခေတ်နေ ၊ ပန်းချီဆရာမ နုယဉ်၊ ဦးစိုးသူထွန်း ၊ ရွှေဝါရောင် အရှင်ထာဝ ဖောင်ဒေးရှင်း မလေးရှား အဖွဲ့ဝင်များ နှင့် ဂျပန်နိုင်ငံ၊ နာဂိုယာမြို့ သင်္ကြန်ဖြစ်မြောက်ရေးကော်မတီတို့ တက်ရောက်ခဲ့ကြသည်။

နာဂိုယာမြို့သင်္ကြန်ပွဲတော်မှာ ရရှိလာသည့်အလှူငွေစာရင်များ
၁။ ဂျပန်နိုင်ငံ၊ နာဂိုယာမြို့ သင်္ကြန်ဖြစ်မြောက်ရေးကော်မတီ မှ ၃၀၆/-သောင်း မြန်မာငွေ နဲ့သိန်း၆၁၀
၂။ ကိုမြင့်ထွန်း(Australia )သိန်း၃၀
၃။ ကိုသန်းနိုင် မလေးငွေ ၃၅၀
၄။ ကိုလတ် မလေးငွေ ၅၀၀
၅။ ကိုမိုးကြီး မြန်မာငွေ တစ်သိန်း
၆။ ကိုထညက်ခဲ ၁၂၀၀ ထိုင်းဘတ် မြန်မာငွေတစ်သိန်း
၇။ ဦးဌေးအောင် ၅သိန်း
၈။ ကိုထွန်းနိုင်အေး(Nagoya) ၁သိန်း
၉။ နွေဦးကြွေးကြော်သံ ၅သိန်း
၁၀။ ကိုနေရှိုင်းသူ ယမ်း ၅၀၀၀ မြန်မာငွေတစ်သိန်းတို့ ဖြစ်ပြီး စုစုပေါင်း မြန်မာငွေ သိန်း (၆၅၀)ကို အသီးသီးပေးအပ်ကြပြီး ပြည်ထောင်စုဝန်ကြီးချုပ်မှ ကျေးဇူးတင် စကားပြောကြားပေးကာ အစည်းအဝေးကို ပိတ်သိမ်းခဲ့ကြပါသည်။

တို့ပြည်သူနှင့်အတူ တို့ကြည်ဖြူတဲ့ အစိုးရနဲ့အတူ ဖယ်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ နိုင်ငံတကာ မြန်မာပြည်သူ့ပြည်သားများအားလုံးကို အထူးကျေးဇူးတင်ပါသည်။
အရေးတော်ပုံ အောင်တော့မည်။
သတင်း၊ ဓာတ်ပုံ
(The Satellite For Myanmar Democracy)
D-Day Channel Media Group

Post List #3

ရေစကြိုမြို့ မှ ဆူးလေကုန်းကျေးရွာကို ဝင်ရောက်လာသည့် အာဏာသိမ်း စစ်တပ်ကို တိုက်ခိုက်ခဲ့ကြောင်း MDDST တပ်ဖွဲ့ ပြောဆို

ရေစကြိုမြို့ မှ ဆူးလေကုန်းကျေးရွာကို ဝင်ရောက်လာသည့် အာဏာသိမ်း စစ်တပ်ကို တိုက်ခိုက်ခဲ့ကြောင်း MDDST တပ်ဖွဲ့ ပြောဆို

IsahfAdminOct 30, 20231 min read

စစ်ကိုင်း၊ အောက်တိုဘာလ ၃၀ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းကို ဝင်ရောက်လာသည့် အာဏာသိမ်းစစ်တပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့မှုများ လုပ်ဆောင်ခဲ့ကြောင်း Myingyan District Drone Strike Team က ပြောဆိုထားပါသည်။ အာဏာသိမ်းစစ်တပ်က ရေစကြိုမြို့မှ မြောင်မြို့နယ်ကို ပြီးခဲ့သည့်အောက်တိုဘာလ ၂၆ ရက်မှ အောက်တိုဘာလ ၂၈ရက်နေ့အထိ စစ်ကြောင်း ထိုးလာတာကြောင့် ပြည်သူ့ကာကွယ်ရေးရဲဘော်များက ဆူးလေကုန်းကျေးရွာအနီးတွင် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့တာ ဖြစ်သည်။ အဆိုပါစစ်ဆင်ရေးကို Myingyan District Drone Strike နှင့်အတူ Shar Htoo…

ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက စစ်တပ်ထုတ်ကုန်မသုံးစွဲရေးသပိတ် ပြုလုပ်

ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက စစ်တပ်ထုတ်ကုန်မသုံးစွဲရေးသပိတ် ပြုလုပ်

IsahfAdminOct 30, 20231 min read

စစ်ကိုင်း၊ အောက်တိုဘာလ ၃၀ စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်ကမ်းဘေးကျးရွာများသပိတ်ကော်မတီက စစ်တပ်ထုတ်ကုန်မသုံးစွဲရေးသပိတ်ကို ယမန့်နေ့တွင် ပြုလုပ်ခဲ့ကြသည်။

dummy-img

မြိုင်တော်လှန်ပြည်သူများက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြ

IsahfAdminOct 29, 20231 min read

မကွေး၊ အောက်တိုဘာလ ၂၉ မကွေးတိုင်း၊ မြိုင်တော်လှန်ပြည်သူများက ယနေ့တွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ယနေ့တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။

Black Warrior’s Force က တော်လှန်သီတင်းကျွတ်ကို ပါဝင်ဆင်နွှဲ

Black Warrior’s Force က တော်လှန်သီတင်းကျွတ်ကို ပါဝင်ဆင်နွှဲ

IsahfAdminOct 29, 20231 min read

မွန်၊ အောက်တိုဘာလ ၂၉ မွန်ပြည်နယ်၊ Black Warrior’s Force တပ်ဖွဲ့က တော်လှန်သီတင်းကျွတ်ကို ပါဝင်ဆင်နွှဲနေရင်း စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းရေးသပိတ်ကို ပါဝင်ဆင်နွှဲခဲ့ကြသည်။

လောင်းလုံမြို့နယ်ရှိကျေးရွာတစ်ရွာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

လောင်းလုံမြို့နယ်ရှိကျေးရွာတစ်ရွာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

IsahfAdminOct 29, 20231 min read

တနင်္သာရီ၊ အောက်တိုဘာလ ၂၉ တနင်္သာီရတိုင်း၊ လောင်းလုံမြိုနယ်ထဲရှိ ကျေးရွာတစ်ရွာမှာ ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီက ပြည်သူများနှင့် ပူ‌ေးပါင်းပြီး စစ်အာဏာရှင်ဆန်ကျင်ရေး သပိတ်မှောက်လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုကို ‘တော်လှန်အလင်းဆောင် ရက်တစ်ထောင်၊ ဖေးမကူညီ ပြည်သူ့အောင်ပွဲဆီ’ဆိုတဲ့ ဘန်နဲ့ လှုပ်ရှားခဲ့ကြတာဖြစ်တယ်။

Leave a Reply

Your email address will not be published. Required fields are marked *